About

၁။ အဖွဲ့အစည်း၏ သမိုင်း 

ပေါင်းကူး အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ၏   ၂၀၁၁ ခုနှစ်တွင်   သံတောင်မြို့သစ် “ပေလေဝေ” ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ မိဘမဲ့ ဂေဟာ “ထီးမူးထော်ဘယ် (သက်စမ်းရေ)” ကော်မတီ၊ မြသာကုန်းကျေးရွာ အသေးစားစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအဖွဲ့ နှင့် အင်းကျော် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ကော်မတီ တို့ ပူးပေါင်းပြီး “ဆာမူထော် (အရှေ့အရပ်မှ အလင်းပေးသောကြယ်)” အရပ်ဖက်လူမှုအထောက်အကူပြုအဖွဲ့” ကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

။ ဆာမူထော်အဖွဲ့၏ ရည်ရွယ်ချက် (Purpose)

၁။ တောင်ငူသံတောင်ဇုံနှင့် ထန်းတပင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအထောက် အကူပြုလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်။

၂။ ဒေသခံတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မျှတသော လူ့အခွင့်အရေးရရှိပြီး လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်နိုင် စေရန်။

၃။ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟဗေဒစနစ်တစ်ရပ်လုံး ယိုယွင်းပျက်စီးခြင်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်။

၄။ ဌာနေတိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာကောင်းများနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်ရန်။

၅။ အခြားအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး လူမှုအထောက်အကူပြုလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရန်။